သဲကုန်းမြို့တွင် ဆီထွက်သီးနှံ ဆင်းရွှေကြာ-၂ နေကြာဧကပေါင်း ၁၁၄ ဧက စိုက်ပျိုးထားရှိပြီး အောင်မြင်ဖြစ်ထွန်း

သဲကုန်း မတ် ၁၅

 

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ဆင်းရွှေကြာ-၂ မျိုး ဆီထွက်သီးနှံ နေကြာဧကပေါင်း ၁၁၄ ဧက စိုက်ပျိုးထားရှိပြီး အောင်မြင်ဖြစ်ထွန်းကြောင်း သိရသည်။ 

 

သဲကုန်းမြို့နယ်အတွင်း နေကြာစိုက်ပျိုးနိုင်သော ​မြေအမျိုးအစားအားလုံးတွင် တိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနက နေကြာစိုက်ပျိုးမည့် တောင်သူများထံသို့ ဆင်းရွှေကြာ-၂ နေကြာမျိုးစေ့ ၅၅၂ ပြည်ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

“ဒေသတွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံ မြေပဲ၊ နှမ်း စုစုပေါင်းစိုက်ဧက ၇၀၀၅ ဧကနှင့် ဆင်းရွှေကြာ-၂ နေကြာသီးသန့် ၅၉ ဧက၊ သီးညှပ် ၅၅ ဧက စုစုပေါင်းအသားတင်စိုက်ဧက ၁၁၄ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး လာမည့်နှစ်တွင် နေကြာသီးသန့်စိုက်ဧက ၁၀၀ နှင့် သီးညှပ်ဧက ၃၀၀၀ ကျော် စိုက်ပျိုးရန် လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

 

မြို့နယ်(ပြန်/ဆက်)