သာပေါင်းမြို့နယ်၌ နေအိမ် (၂) လုံး မီးလောင်မှုဖြစ်ပွား

သာပေါင်း ၂၁  မတ်

သာပေါင်းမြို့နယ် လှေကြီးတတ်ကျေးရွာအုပ်စု လှေကြီးတတ်ကျေးရွာ ထန်းကုန်းလေး အနောက်ဘက် လယ်ကွင်းစပ်နေရာရှိ နေအိမ် (၂) လုံးမှာ ယနေ့ နံနက် ၁၀ နာရီခွဲခန့်က နေအိမ်တွင် ဆိုလာနှင့်ဘက်ထရီ အားသွင်းထားရာ အပူလွန်ကဲ၍ ဘတ်ထရီပေါက်ကွဲရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့  မြို့နယ်မီးသတ်ဦးစီးမှူး ဦးညီညီနိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မီးသတ်ယာဉ်တစ်စီး၊ မြို့နယ်စခန်းမှူး  ဒုရဲမှူး ဦးမြင့်လွင်၊ ဒုရဲအုပ် ဦးမျိုးမြတ်သူ၊ ဒုရဲအုပ် ဦးနီဝင်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလေးမောင်နှင့် ကျေးရွာသူ၊ ကျေးရွာသားများ စုပေါင်းဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ကြသည်။

အဆိုပါ မီးလောင်မှုကြောင့် ၁၅ ပေ ပတ်လည်ဓနိမိုး ထရံကာပျဉ်ခင်း အိမ် (၁) လုံးနှင့် ၁၂ ပေ ပတ်လည် ဓနိမိုးထရံကာ ဝါးခင်း အိမ် (၁) လုံးတို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း (ပြန်/ဆက်)

mdn