သာကေတမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဦးတည်အုပ်စုအလိုက် ထိုးနှံဆောင်ရွက်လျက်ရှိ

သာကေတ  ဇူလိုင် ၂၇


ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများ   ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကင်းဝေး၍ ပညာသင်ကြားနိုင်ရန်နှင့် သာကေတမြို့နယ်အတွင်းရှိ ပြည်သူများ ရာနှုန်းပြည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှုရရှိစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ၁၀/တောင်ရပ်ကွက်၊ အမှတ်(၄၆)အခြေခံပညာ မူလတန်းကျောင်း၊ ၁/အနော်မာရပ်ကွက်၊ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းများရှိ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ(၂၄၀)အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းနှင့် ၁ဝ/ တောင်ရပ်ကွက်ရှိ J&M steel solution ကုမ္ပဏီမှ ဝန်ထမ်း(၁၅၀) အား Booster (Covidshield) ထိုးနှံခြင်းလုပ်ငန်းအား ဆောင်ရွက်ခဲ့သည်။


မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာဝင်း၏ စီမံကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာ‌ရေးဌာနနှင့် တာဝန်ရှိသူများမှ ပူးပေါင်းကာ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များ၊ ပရဟိတလူမှုကူညီရေး အသင်း၊ ကျောင်း ကော်မတီဝင်များမှ ဆေးထိုးနှံမည့် ကျောင်းသား၊ ကျောင်းသူများနှင့်ပြည်သူများအား အပူချိန်တိုင်းခြင်း၊ ဖျားနာခြင်းရှိ၊ မရှိ၊ ကာကွယ်ဆေးများ ထိုးနှံထားခြင်း ရှိ၊ မရှိ၊ စနစ်တကျ စစ်ဆေးပြီး ဆေးထိုးအဖွဲ့ (၃) ဖွဲ့ဖြင့် ထိုးနှံဆောင်ရွက်လျက်ရှိသည်။


သာကေတမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် လျာထား ဦးရေ (၁၆၈၄၆၆)ဦး ရှိရာ ဇူလိုင် ၂၈ ရက်ထိ ပထမအကြိမ်၌(၈၇၁၀၀)ဦး၊ ဒုတိယအကြိမ်၌ (၈၆၃၃၅)ဦးအား ထိုးနှံပြီးစီးပြီး(၁-၃-၂၀၂၂)ရက်နေ့မှ (၂၄-၇-၂၀၂၂)ရက်နေ့အထိ ပထမအကြိမ်၌ (၈၃၀၂၉)ဦး၊ ဒုတိယအကြိမ်၌ (၆၆၀၁၈)ဦးအားဦးတည်အုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးခဲ့ပြီး ရာနှုန်းပြည့်လွှမ်း ခြုံမှုရှိစေရန် ဆက်လက်ထိုးနှံဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ(ပြန်ဆက်)