သာကေတ ၁၃ နိုဝင်ဘာ
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်ရှိ ပှံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကာလ၌ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် နိုင်ငံတော်မှ စတုတ္ထအကြိမ် မြောက်ထောက်ပံ့ခြင်းအဖြစ် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် (၄၀ဝ၀ဝ)အား ရပ်ကွက်(၁၉)ရပ်ကွက်အလိုက် ထောက်ပံ့ပေးခဲ့ပါသည်။
အဆိုပါ စတုတ္တအကြိမ်မြောက် ထောက်ပံ့ငွေများ ထောက်ပံ့ခြင်းကို သာကေတမြို့နယ် ရပ်ကွက်(၁၉) ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၁၈၆၇၇)စုအတွက် ထောက်ပံ့ငွေ ကျပ် ၇၄၇၀၈၀ဝ၀ဝ အား သာကေတမြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးလင်းထိုက်မှ ရပ်ကွက် အုပ်ချုပ်ရေးမှူးများထံသို့ စနစ်တကျပေးအပ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ နိုဝင်ဘာလ (၁၁)ရက်နေ့မှ စ၍ အခြေခံလူတန်းစား ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ငွေများအား စနစ်တကျ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ကိုဘုန်း(ပြန်ဆက်)


