နေပြည်တော်၊ ဖေဖော်ဝါရီ ၉

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၅ ရက် ည ၉ နာရီခွဲတွင် သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအုပ်စု၊ ကျွဲတပ်ဆုံ ကျေးရွာအနီးတွင် SCANIA အမျိုးအစား EXPRESS ခရီးသည်တင် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည် မလှလှရီ၏ လက်ဆွဲအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၀၀၀ (တစ်ပြားလျင် ၁၅၀၀ ကျပ်နှုန်းဖြင့် သိန်း ၄၅၀) ကို သိမ်းဆည်းရမိခဲ့သည်။

 

ထို့အတူ ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၈ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ ရွှေပင်ရပ်ကွက်ရှိ ရဲထွန်း၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းထံမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၆,၄၂၀ (တစ်ပြားလျင် ၂၀၀၀ ကျပ်နှုန်းဖြင့် ၁၂၈ ဒသမ ၄ သိန်း) ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်