ရန်ကုန် ဇူလိုင် ၁၉
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ဇူလိုင် ၁၇ ရက်က သာကေတမြို့နယ် (၄) မြောက်ရပ်ကွက် သဗ္ဗမင်္ဂလသာသနာ့ဗိမာန်၌ ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဝင်းမောင်က အမှာစကားပြောကြားပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကဏ္ဍအလိုက်ဦးဆောင် ဆွေးနွေးကြပြီး တက်ရောက်လာသည့် ရပ်ကွက်နေပြည်သူများက ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ သိရှိလိုသည့်ဆွေးနွေး မေးမြန်းမှုများအပေါ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)


