ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ရှစ်သန်းကျော်ရှိလာ

မော်စကို အောက်တိုဘာ ၁၉

 

ရုရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူ ၃၄၃၂၅ ဦးရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၈၀၂၇၀၁၂ ဦးရှိလာကြောင်း ရုရှား နိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်ရေးနှင့် တုံ့ပြန်ရေး စင်တာ၏ ပြောကြားချက်အရ သိရသည်။

 

ရုရှားနိုင်ငံတစ်ဝန်း၌ လွန်ခဲ့ သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၉၉၈ ဦး ထပ်မံတွေ့ရှိခဲ့သဖြင့် သေဆုံးသူ စုစုပေါင်း ၂၂၄၃၁၀ ရှိလာကြောင်း သိရသည်။

 

ထပ်မံတွေ့ရှိ ထို့ပြင် ရုရှားနိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့် ရရှိသူ ၁၆၄၃၁ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသူစုစုပေါင်း ၇၀၁၇၀၅၅ ဦးရှိလာကြောင်း သိရသည်။

 

မြို့တော်မော်စကိုသည် ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု အများဆုံးဒေသဖြစ်ပြီး လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၆၈၂၃ ဦးရှိခြင်းကြောင့် မြို့တော် တစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၁၇၂၆၂၃၇ ဦးရှိလာကြောင်း သိရသည်။

 

ရုရှားနိုင်ငံ၏ ဒေသတွင်းမီဒီယာများ၏ သတင်းထုတ်ပြန်ချက်အရ ရုရှားနိုင်ငံတစ်ဝန်းလုံး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီးသူစုစုပေါင်း ၄၇ ဒသမ ၃ သန်းကျော်ရှိကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အလင်းသစ်