ရုပ်ရှင်သစ်မှာ တွဲဖက်သရုပ်ဆောင်သွားမယ့် ဂျိုဂျီဟွန်းနဲ့ ဟန်ဆိုဟီး

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ မင်းသားတစ်ဦးဖြစ်သူ ဂျိုဂျီဟွန်းဟာ သူ့ရဲ့ ရုပ်ရှင်သစ်မှာ မင်းသမီး ဟန်ဆိုဟီးနဲ့ တွဲဖက်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အဆိုပါ ရုပ်ရှင်သစ်မှာ သူတို့နှစ်ဦးစလုံး အဓိက ဇာတ်ဆောင်တွေအဖြစ် ပါဝင်သွားမှာဖြစ်တယ်လို့ အောကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေ အရ သိရပါတယ်။

အဆိုပါ ရုပ်ရှင်သစ်ဟာ Gentleman လို့ အမည်ရပြီး မှုခင်းရုပ်ရှင်ဆန်ဆန် ရိုက်ကူးသွားမှာဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့ ရိုက်ကူးရေးလုပ်ငန်းတွေကို လာမယ့်ဩဂုတ်လအတွင်း စတင်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ယင်းရုပ်ရှင်ကို လာမယ့်နှစ် မေလအတွင်း စတင်ရုံတင်နိုင်ဖို့ရာ စီစဉ်ထားကြောင်းလည်း သိရပါတယ်။

အေးပြည့်