ရုပ်ရှင်သစ်မှာ ဂျီဆန်း ကို တရားသူကြီးအဖြစ် တွေ့မြင်ရမည်

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ မင်းသားတစ်ဦးဖြစ်သူ ဂျီဆန်းဟာ လတ်တလောမှာ ဇာတ်လမ်းတွဲ ရုပ်ရှင်သစ်မှာ ပါဝင်သရုပ်ဆောင်လျက်ရှိပြီး အဆိုပါ ရုပ်ရှင်သစ်မှာ သူ့ကို တရားသူကြီးတစ်ဦးအဖြစ် တွေ့မြင်ရမှာဖြစ်ကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ဂျီဆန်းဟာ The Devil Judge အမည်ရတဲ့ ဇာတ်လမ်းတွဲရုပ်ရှင်မှာ အဓိကဇာတ်ဆောင်တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင် ထားပြီး ယင်းဇာတ်လမ်းတွဲကို tvN ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါ တယ်။ ဇွန် ၃ ရက်မှာ အဆိုပါဇာတ်လမ်းတွဲ ရုပ်ရှင်သစ်မှ ဂျီဆန်းရဲ့ပုံရိပ်တွေကို ပထမဆုံး အကြိမ် ထုတ်ဖော်ပြသခဲ့ပါတယ်။

အဆိုပါ ဇာတ်လမ်းတွဲရုပ်ရှင်ဟာ တရားမျှတမှုနဲ့ပတ်သက်ပြီး ပရိသတ်တွေကို ပုံဖော်တင်ဆက်သွားမှာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှလူတွေ ပါဝင်နိုင်တဲ့ တရားခွင်တစ်ခုကို အွန်လိုင်းပေါ်မှာ ဖန်တီးကာ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး အဆိုပါတရားခွင်မှတစ်ဆင့် တရားမျှတမှုကို ရှာဖွေခဲ့တဲ့အကြောင်းတွေကို ဒီဇာတ်လမ်းတွဲမှာ တွေ့မြင်ရမှာလည်း ဖြစ်ပါတယ်။ ယင်းဇာတ်လမ်းတွဲမှာ ဂျီဆန်းဟာ ကန်ယိုဟန်လို့ အမည်ရတဲ့ တရားသူကြီးနေရာက ပါဝင်သွားမှာဖြစ်ပြီး သူဟာ ဥပဒေဘက်တော်သား တရားသူကြီး တစ်ဦးလား၊ ဥပဒေမျက်နှာဖုံးစွပ်ထားတဲ့ မကောင်းတဲ့ တရားသူကြီးတစ်ဦးလားဆိုတာကိုတော့ အဆိုပါ ဇာတ်လမ်းတွဲမှာ ပုံဖော်သွားမှာပါ။

The Devil Judge ကို ဇွန် ၃ ရက်မှာ အထူးပွဲစတင်ပြသခဲ့ကြောင်းလည်း သိရပါတယ်။

အေးပြည့်