ရုပ်ရှင်သစ်အတွက် ဆွေးနွေးနေတဲ့ ဆောင်းဂျွန်ကီ

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့မင်းသားတစ်ဦးဖြစ်သူ ဆောင်းဂျွန်ကီဟာ ရုပ်ရှင်သစ်တွေ ဆက်တိုက် ဆိုသလို ရိုက်ကူးနေတာဖြစ်ပါတယ်။ လတ်တလောမှာလည်း သူဟာ ရုပ်ရှင်သစ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း အားကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။ ဆောင်းဂျွန်ကီ ဟာ ဇာတ်လမ်းတွဲရုပ်ရှင်သစ်အတွက် ဆွေးနွေးနေကြောင်း မေ ၂၆ ရက်မှာ သတင်းတွေပေါ်ထွက် လာခဲ့တာပါ။

ဆောင်ဂျွန်ကီဟာ Chaebol Family's Youngest Son လို့ အမည်ပေးထားတဲ့ ဇာတ်လမ်းတွဲ ရုပ်ရှင်သစ်မှာ အဓိကဇာတ်ဆောင်အဖြစ် ပါဝင်သွားဖို့ရာ ကမ်းလှမ်းခံထားရပြီး လတ်တလောမှာတော့ ဆွေးနွေးမှုတွေပြုလုပ်နေဆဲဖြစ်ကြောင်း အေဂျင်စီဘက်က ပြောကြားခဲ့တာ လည်း ဖြစ်ပါတယ်။ အဆိုပါ ဇာတ်လမ်းတွဲရုပ်ရှင်ဟာ လက်စားချေမှုတွေကို ပုံဖော်သွားမယ့် ဇာတ်လမ်းမျိုးဖြစ်ပြီး ယခုနှစ် ဒုတိယနှစ်ဝက်အတွင်း ထုတ်လုပ်ရေးအပိုင်းတွေ စတင်လုပ်ဆောင်ကာ လာမယ့်နှစ် နှစ်စပိုင်းမှာ စတင်ပြသသွားဖို့ရာ စီစဉ်ထားကြောင်းလည်း သိရပါတယ်။

အေးပြည့်