ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကားဘီးများဖြုတ်ခိုးသူများအား အရှေ့ပိုင်းခရိုင်၊ မှုခင်းနှိမ်နင်းရေး ဌာနစုမှ ဖမ်းဆီးစစ်ဆေးခဲ့ရာ ကားဘီးခိုးမှု(၂၄)မှုဖော်ထုတ်ရရှိ

ရန်ကုန် ၂၅  ဖေဖော်ဝါရီ 

 

ရန်ကုန် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး အနီးကပ်ကြီး ကြပ်၍  အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည်  ခရိုင်နယ်မြေအတွင်း ဖြစ်ပွား ပေါ်ပေါ်က်မှုမရှိသေးသည့် ခိုးမှုများဖော်ထုတ်နိုင်ရေးအတွက် သတင်းစုံစမ်းဆောင်ရွက်နေစဉ် တာမွေမြို့နယ်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်များတွင် ကားဘီးများဖြုတ်ခိုးခံရကြောင်း သတင်းရရှိသဖြင့် လိုက်လံစုံစမ်းခဲ့ရာ ဖေဖော်ဝါရီ ၁၈  ရက်နေ့တွင် ကားဘီးများ ဖြုတ်ခိုးမှုဖြင့် ပြစ်ချက်ဟောင်းရှိသူ  မှော်ဘီမြို့နယ်၊ ဘွက်ကြီး ရပ်ကွက်၊ ဘွက်ကြီးလမ်းနေသူများဖြစ်သည့်  ဖြိုးဝေလွင်(ခ) ဝဲလေး (၂၇)နှစ်နှင့် သင်္ကြန်မောင် (၂၀)နှစ်တို့အား နေအိမ်များတွင် ဖမ်းဆီးရမိခဲ့သည်။

 

ဖမ်းဆီးရမိသူ ဖြိုးဝေလွင်(ခ)ဝဲလေးနှင့် သင်္ကြန်မောင် တို့အား စစ်ဆေးခဲ့ရာ ၎င်းတို့သည်  ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် BGO 3P/----- Hyundai Porter II အပြာရောင်ယာဉ်နှင့် အသင့်ယူဆောင်လာသော ဘီးဖြုတ် ဂေါက်တံဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ  ဖို့မြေရပ်ကွက်၊(၁၀၁)လမ်းဘေးတွင် ရပ်ထားသော လိုက်ထရပ် အဖြူ ရောင်ယာဉ်(၂)စီးမှကားဘီး(၂)လုံး၊ သပြေကုန်ရပ်ကွက်၊ (၁၂၃)လမ်းဘေးတွင် ရပ်ထားသော ဘွန်ဂိုအဖြူ ရောင်ယာဉ်မှ ကားဘီး(၂)လုံး၊ရေတွင်းကုန်းရပ်ကွက်အတွင်းရှိ လမ်းဘေးတွင်ရပ်ထားသော ဟိုက်ဂျက်အဖြူရောင် ယာဉ်မှ ကားဘီး(၃)လုံး၊ ကန်ရှေ့ရပ်ကွက်၊ (၉၁)လမ်းဘေးတွင်ရပ်ထားသော ဘွန်ဂိုအဖြူရောင်ယာဉ်မှ ကားဘီး(၂) လုံး၊ ရန်ကင်းမြို့နယ်အတွင်းရှိ (၁၄)ရပ်ကွက်၊ ကျောက်ကုန်လမ်းဘေးတွင်ရပ်ထားသော လိုက်ထရပ်အဖြူရောင် ယာဉ်မှ ကားဘီး(၂)လုံး၊ (၁၁)ရပ်ကွက်၊ကန်ဘဲ့ဘူတာရုံလမ်းဘေးတွင်ရပ်ထားသော  လိုက်ထရပ်အဖြူရောင်ယာဉ်မှ ကားဘီး(၂)လုံး၊ ဒဂုံတောင်မြို့နယ်အတွင်းရှိ စက်မှုဇုန်(၁)လမ်းဘေးတွင် လိုက်ထရပ်ယာဉ်နှင့်ဟိုက်ဂျက်ယာဉ်တို့မှ ကားဘီး(၃)လုံး၊ (၂၆)ရပ်ကွက်အတွင်းရှိ လမ်းဘေးတစ်နေရာတွင် လိုက်ထရပ်ယာဉ်မှ  ကားဘီး(၂)လုံး၊ (၅၃) ရပ်ကွက်အတွင်းရှိ လမ်းဘေးတစ်နေရာတွင်ရပ်ထားသော  လိုက်ထရပ်အဖြူရောင်ယာဉ်မှ ကားဘီး(၂)လုံး၊ (၁၈) ရပ်ကွက်အတွင်းရှိ လမ်းဘေးတစ်နေရာတွင်ရပ်ထားသော ဘွန်ဂိုအဖြူရောင်ယာဉ်နှင့် ဟိုက်ဂျက်ယာဉ်တို့မှ ကားဘီး (၃)လုံး၊ (၂၀)ရပ်ကွက်အတွင်းရှိ  လမ်းဘေးတစ်နေရာတွင်ရပ်ထားသော လိုက်ထရပ်အဖြူရောင်ယာဉ်မှ ကားဘီး (၂)လုံး၊ တာမွေမြို့နယ်အတွင်းရှိ မအူကုန်းရပ်ကွက်၊ (၁၃၇)လမ်းဘေးတွင်ရပ်ထားသော လိုက်ထရပ်ယာဉ်များမှ (၃)လုံး၊အရိုးကုန်းရပ်ကွက်၊ (၁၄၇)လမ်းဘေးတွင်ရပ်ထားသော ဘွန်ဂိုယာဉ်နှင့် ဟိုက်ဂျက်ယာဉ်တို့မှ ကားဘီး(၂)လုံး၊ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလနှင့်ဖေဖော်ဝါရီလများတွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ (၁၂၅)လမ်းဘေး တွင်ရပ်ထားသော  TOWN ACE ယာဉ်များမှ ကားဘီး(၃)လုံး၊ ရန်ကင်းမြို့နယ်အတွင်းရှိ မိုးကောင်းဘုရားအနီးရှိ လမ်းဘေးတွင်ရပ်ထားသော ဘွန်ဂိုယာဉ်မှ ကားဘီး(၂)လုံး၊ (၃)ရပ်ကွက်၊ ရန်ရှင်းလမ်းဘေးတွင်ရပ်ထားသော ဟိုက်ဂျက်ယာဉ်နှင့် ဘွန်ဂိုယာဉ်များမှ ကားဘီး(၂)လုံး၊  မိုးကောင်းလမ်း၊ ကျောက်ကုန်းမီးပွိုင့်အနီးတွင် ရပ်ထားသော ဟိုက်ဂျက်ယာဉ်နှင့်လိုက်ထရပ်ယာဉ်များမှ ကားဘီး(၂)လုံး၊ ဒဂုံတောင်မြို့နယ်၊ (၂၀)ရပ်ကွက်အတွင်းရှိ လမ်းဘေး တစ်နေရာတွင် ရပ်ထားသော ကန်တာအပြာရောင်ယာဉ်နှင့် ဟိုက်ဂျက်ယာဉ်တှို့ မှ ကားဘီး(၂)လုံး၊ (၁၈)ရပ်ကွက် အတွင်းရှိ လမ်းဘေးတစ်နေရာတွင် ရပ်ထားသော လိုက်ထရပ်ယာဉ်များမှ ကားဘီး(၃)လုံး၊ တာမွေမြို့နယ်အတွင်းရှိ ဘိုးလိန်းအောင်မင်္ဂလာရပ်ကွက်၊ အောင်မင်္ဂလာလမ်းဘေးတွင်ရပ်ထားသော  TOWNAGE အဖြူရောင်ယာဉ်နှင့် ဟိုဂျက်အဖြူရောင်ယာဉ်မှ ကားဘီး(၃)လုံး၊ ပျားရည်ကုန်းရပ်ကွက်၊ ကျိုက္ကဆံလမ်းဘေးတွင်ရပ်ထားသော TOWNAGE  ယာဉ်မှ ကားဘီး(၂)လုံး၊ မအူကုန်းရပ်ကွက်အတွင်းရှိ လမ်းဘေးတစ်နေရာတွင် ရပ်ထားသော  လိုက်ထရပ်ယာဉ်နှင့် ဘွန်ဂိုယာဉ်တို့မှ ကားဘီး(၂)လုံး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဘောဂရပ်ကွက်၊ ဗားကရာလမ်းမပေါ်တွင် ရပ်ထားသော  ဘွန်ဂိုအဖြူရောင်ယာဉ်မှကားဘီး(၂)လုံးတို့အား အသီးသီးခိုးယူခဲ့ပြီး ခိုးယူခဲ့သော ကားဘီးများအား ၎င်းတို့ ကိုင်ဆောင်သည့် လက်ကိုင်ဖုန်းများဖြင့် လှိုင်သာယာမြို့နယ်၊ (၁)ရပ်ကွက်၊မဟော်သဓာလမ်းနေ ရဲထွန်း(ခ)ဘိုကာရီ (၃၅)အား လှမ်းခေါ်ပြီး  ရဲထွန်း(ခ)ဘိုကာရီမှ  KYN GG/------ ခဲယာဉ်အငှားယာဉ်နှင့်အတူလာရောက်ကာ ဖြုတ်ယူခဲ့သော ကားဘီးများအားယူဆောင်၍ ရောင်းချပေးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ရဲထွန်း(ခ)ဘိုကာရီ အား ၎င်းနေအိမ်တွင် ဖမ်းဆီးရမိခဲ့သည်။ 

 

စစ်ဆေးပေါ်ပေါက်ချက်အရ သက်သေခံပစ္စည်းများကို ပြန်လည်သိမ်းဆည်းခဲ့ပြီး ပြစ်မှုကျူးလွန်သူများ ဥပဒေနှင့် အညီအရေးယူဆောင်ရွက်လျက်ရှိကြောင်း ရဲပြန်ကြားမှ သတင်းရရှိသည်။

 

MDN