ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အလုပ်အကိုင် ၂၈၈၅ ဦး ဖန်တီးပေး

ရန်ကုန် နိုဝင်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၁/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို နိုဝင်ဘာ ၂၅ ရက်က ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံကော်မတီ ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင် တိုင်းဒေသကြီး ဝန်ကြီးများ တက်ရောက်ကြသည်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီသည် စက်မှုကဏ္ဍတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တစ်ခုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ခြောက်ခုတို့ကို အတည်ပြုပေးခဲ့ပြီး လုပ်ငန်းများမှာ CMP စနစ်ဖြင့် အဝတ်အထည်၊ ခြေအိတ်၊ ဖိနပ်အမျိုးမျိုး ချုပ်လုပ်ခြင်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းလုပ်ငန်း၊ Manufacture of Structural Metal Products (Such as Steel Structure, Color Steel Tile) လုပ်ငန်းတို့ ဖြစ်သည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ မြန်မာကျပ်ငွေ ၁,၆၃၃ ဒသမ ၄၀၅ သန်း နှင့် အမေရိကန်ဒေါ်လာ ၇ ဒသမ ၁၄၈ သန်း ဖြစ်ပြီး စုစုပေါင်း လုပ်ငန်း ခုနစ်ခုတို့မှ ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း ၂၈၈၅ ဦးအတွက် ဖန်တီးပေးခဲ့ကြောင်းနှင့် ကုမ္ပဏီ ၁၆ ခုတို့၏ တင်ပြချက်များကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ဆန်းကျော်ဦး(ပြန်/ဆက်)