ရန်ကုန် ဇွန် ၄
ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး၌ (၈၉)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စာပေပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် ခရိုင်နှင့် မြို့နယ်စာရင်းစစ်ရုံးများမှ အရာရှိများအား ယမန်နေ့နံနက်ပိုင်းက ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဆုချီးမြှင့်ပေးအပ်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်မာချိုက စစ်ဆေးရေး လုပ်ငန်းများကို စာရင်းစစ်ချုပ်ရုံးများလိုက်နာရမည့် နိုင်ငံတကာ စံနှုန်းများနှင့်အညီ ဆောင်ရွက်ရန် မှာကြားပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ (၈၉)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စာပေပြိုင်ပွဲ၌ လုပ်ငန်းခွင် စွမ်းဆောင်ရည်အကောင်းဆုံးဆု၊ အသိပညာဗဟုသုတ မျှဝေတင်ပြမှု အကောင်းဆုံးဆု၊ မဂ္ဂဇင်းစာမူရှင်ဆုနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆုရရှိကြသည့် ခရိုင်နှင့် မြို့နယ်များမှ အရာရှိများအား တိုင်းဒေသကြီးစာရင်းစစ်ချုပ်နှင့် ညွှန်ကြားရေးမှူးတို့က ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဥဿ


