ရန်ကုန်၊ ၄ ဒီဇင်ဘာ

ရန်ကုန်တောင်ပိုင်းခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ဒီဇင်ဘာ  ၃ ရက်  နံနက် ၁၀ နာရီက သန်လျင်မြို့ရှိ   ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှင်စောပုခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ရန်ကုန်တောင်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်ဟိန်းသူ က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာနှင့် စပ်လျဉ်း၍ ဆွေးနွေးမှာကြားသည်။

 

ဆက်လက်၍ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူး ဒေါ်အေးအေးဝင်းက တောင်ပိုင်ခရိုင်အတွင်း ကလေးသူငယ် အခွင့်အရေးဆိုင်ရာများ ဆောင်ရွက်ပေးခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။ ထို့နောက်  တက်ရောက်လာကြသော ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များက အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သန်းဝင်း(သန်လျင်)