ရန်ကုန်နည်းပညာတက္ကသိုလ်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Roscosmos State Cooperation မှ အာကာသယာဉ်မှူး၏ အာကာသနည်းပညာဆိုင်ရာ အတွေ့အကြုံရှင်းလင်းပွဲ ကျင်းပ

 

ရန်ကုန်၊ မေ ၂၀      

ရုရှားဖက်ဒရေးရှင်းနိုင်ငံ Roscosmos State Cooperation မှ အာကာသယာဉ်မှူး၏ အာကာသနည်းပညာဆိုင်ရာ အတွေ့အကြုံရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်နည်းပညာ တက္ကသိုလ်၌ ကျင်းပသည်။

ရှင်းလင်းပွဲသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Roscosmos State Cooperation မှ Deputy General Director for International Cooperation၊ H.E Mr. Savelyev Sergey Valentinovich နှင့် Roscosmos State Cooperation မှ Executive Director for Manned Space Program မှ အာကာသယာဉ်မှူး Mr. Krikalev Sergey Konstantinovich ၊ Samara တက္ကသိုလ်မှ ကိုယ်စား လှယ်များ၊ ရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ သတင်း အချက်အလက်နည်းပညာ တက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ် (မှော်ဘီ) နည်းပညာတက္ကသိုလ် (သန်လျင်)တို့မှ ပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသတက္ကသိုလ်မှ တာဝန်ခံပါမောက္ခချုပ်၊ နည်းပညာ တက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များမှ ဒုတိယပါမောက္ခချုပ်များ၊ နည်းပညာ တက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များမှ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြသည်။

ရှင်းလင်းပွဲတွင် ရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြင့်သိန်းက ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Roscosmos State Cooperation မှ Executive Director for Manned Space Program အာကာသယာဉ်မှူး H.E Mr. Krikalev Sergey Konstantinovich က အာကာသ နည်းပညာဆိုင်ရာ အတွေ့အကြုံများကို ရှင်းလင်းပြောကြားကာ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ၏ မေးမြန်းမှုများကို ပြန်လည်ဆွေးနွေး ဖြေကြား သည်။

ထို့ပြင် Samara တက္ကသိုလ် Chief Executive Officer, Dmitrity A. Baranov သည် ရန်ကုန် နည်းပညာတက္ကသိုလ်နှင့် Samara တက္ကသိုလ်အကြား အာကာသနည်းပညာနှင့်သက်ဆိုင်သည့် Exchange Program များ ဆက်လက်ဆောင်ရွက်သွားရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်

mdn