ရန်ကုန်မြို့၌ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပ

ရန်ကုန်၊         ၁၂      ဖေဖော်ဝါရီ

 

(၇၄)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၇ နာရီတွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်၌ ကျင်းပသည်။

 

ရှေးဦးစွာ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဂုဏ်ပြုတပ်ဖွဲ့က ချီတက်အလေးပြုပြီး ရန်ကုန်တိုင်း ဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌနှင့် ကောင်စီအဖွဲ့ဝင်များ၊ တိုင်းအဆင့် ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများက နိုင်ငံတော်အလံအား အလေးပြုကြသည်။

 

ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သည့် သဝဏ်လွှာကို ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးက ဖတ်ကြားခဲ့သည်။

 

အာကာစိုး၊ဓာတ်ပုံ-အောင်မြင့်(ပြန်/ဆက်