ရန်ကင်းမြို့နယ်တွင် မဲဆန္ဒရှင် စာရင်းတွင် ပါဝင်ပြီး နိုင်ငံသား စိစစ်ရေး ကတ်ပြား မရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေး

ရန်ကုန်  ၉  ဇူလိုင် 

           

 

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်  အထွေထွေ ရွေးကောက်ပွဲ ကျင်းပရာ၌ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် ကိုင်ဆောင်လက်မှတ် မရှိသူများအား ယမန်နေ့ နံနက်ပိုင်းတွင် အမှတ်(၁၁) ရပ်ကွက်နှင့် (၁၄)ရပ်ကွက်များတွင် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

           

 

အဆိုပါ လုပ်ငန်းများအား  မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး၏ ဦးဆောင်မှုဖြင့် ရန်ကင်းမြို့နယ် အတွင်းရှိ ရပ်ကွက်များတွင် မဲဆန္ဒရှင်စာရင်း၌ ပါဝင်သော်လည်း ကိုင်ဆောင်လက်မှတ် မရှိသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသား စိစစ်ရေးကတ် မရှိသူများအား ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် (၆) ရက်နေ့မှ စတင်ကာ ရပ်ကွက်များအလိုက် ကွင်းဆင်းဆောင်ရွက် ပေးသွားခြင်း ဖြစ်ပြီး ထိုသို့ဆောင်ရွက်ရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် Social Distancing ဖြင့် စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

 

လင်းလင်းထွန်း (ပြန်/ဆက်)

2429