ရန်ကုန် ဇူလိုင် ၂ 

 

ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ အသက် ၁၀ နှစ်ပြည့် ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကင်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်ဝင်းအောင်နှင့် တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များကို ကျောင်းသား ကျောင်းသူများ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

လှလှထွေး(ပြန်/ဆက်)