ရှင်ဟွန်ဘင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ

တောင်ကိုရီးယားမင်းသမီးတစ်ဦးဖြစ်သူ ရှင်ဟွန်ဘင်းဟာ လတ်တလောမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံထားရကြောင်း အောကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

မင်းသမီးအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရကြောင်း သူ့ရဲ့ ဖျော်ဖြေရေးအေဂျင်စီက ဒီဇင်ဘာ ၁၄ ရက်မှာ တရားဝင်ထုတ်ပြန်ခဲ့တာပါ။ အေဂျင်စီရဲ့ ပြောကြားချက်အရ ရှင်ဟွန်ဘင်းဟာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးဖြစ်ကြောင်းနဲ့ ဒုတိယအကြိမ်ကာကွယ်ဆေးကို ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ထိုးနှံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၃ ရက်မှာ ရှင်ဟွန်ဘင်းဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရသူတစ်ဦးနဲ့ အနီးကပ် ထိတွေ့ မှုရှိခဲ့တာကြောင့် စစ်ဆေးမှုခံယူခဲ့ရာမှာ ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိ မှာ သူဟာ ရောဂါလက္ခဏာပြသခြင်းမရှိပေမယ့် အနုပညာလှုပ်ရှားမှုအစီအစဉ်တွေကိုတော့ ခေတ္တ ရပ်နားထားကြောင်း သိရပါတယ်။

အေးပြည့်