ရှမ်းရွာသစ်မြို့၌ မိုးရာသီသစ်ပင်များ စိုက်ပျိုးနိုင်ရန်အတွက် ပျိုးပင်ပေါင်း ၁၀ဝ၀ဝ ပျိုးထောင်ထားရှိ

ရှမ်းရွာသစ်၊    ၂၀   ဇန်နဝါရီ

 

ကရင်ပြည်နယ် ဘားအံခရိုင် ရှမ်းရွာသစ်မြို့တွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေးနှင့် ဒေသ တွင်း အပူချိန်မြင့်မားလာမှုများအား လျှော့ချနိုင်ရန် ရည်ရွယ်၍ ယခုနှစ် မိုးရာသီကာလအတွင်း သစ်ပင်များ စိုက်ပျိုးနိုင်ရန်အတွက် ပျိုးပင်ပေါင်း ၁၀ဝ၀ဝ ကို ရှမ်းရွာသစ်မြို့အတွင်းရှိ ရပ်ကွက်ကျေးရွာနေ ပြည်သူများနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများအား ဖြန့်ဝေပေးနိုင်ရန်အတွက် ပျိုးထောင်ထားရှိကြောင်း သိရသည်။

 

mdn

 

အဆိုပါ ပျိုးပင်များ ရှမ်းရွာသစ်မြို့ ယာယီပျိုးဉယျဉ်တွင် မန်ဂျန်ရှားပင် (၅၀ဝ၀)နှင့် ပျဉ်ကတိုးပင် (၅၀ဝ၀) စုစုပေါင်း ပျိုးပင်ပေါင်း ၁၀ဝ၀ဝ ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလမှ စတင်၍ မြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများက ပျိုးထောင်ထားရှိပြီး ဇွန်လနှင့် ဇူလိုင်လတို့တွင် ပြည်သူလူထုများ စိုက်ပျိုးနိုင်ရန်အတွက် အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တော ဦးစီးဌာနမှ သိရသည်။

 

ဝေဠု(ပြန်/ဆက်)