ရှမ်းရွာသစ်မြို့ ကွီးလေးကျေးရွာတွင် လင်းနို့ဂူ ဩဂဲနစ်သဘာဝမြေဩဇာ ထောက်ပံ့ပေးအပ်

ရှမ်းရွာသစ် ၂  ဩဂုတ်

           

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ စိုက်ပျိုးရေးအကြောင်း သိကောင်းစေရန်၊ စပါးအထွက်နှုန်းတိုးတက်စေရန်ရည်ရွယ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တောင်သူများ စိုက်ပျိုးရေး ထိခိုက်မှုမရှိစေရေးအတွက် ယနေ့နံနက်ပိုင်း၌ ကွီးလေးကျေးရွာတွင် လင်းနို့ဂူဩဂဲနစ် သဘာဝမြေဩဇာ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

           

အဆိုပါလုပ်ငန်းတွင် ရှမ်းရွာသစ်မြို့စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဦးမြင့်မောင်က ဒေသခံတောင်သူများအား စိုက်ပျိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် စိုက်ပျိုးထုတ်လုပ်ရာတွင် အဓိကလိုအပ်ချက်များနှင့် မြန်မာနိုင်ငံတွင် လက်ရှိကျရောက်နေသော နှံကောင်များအကြောင်းကို အသိပညာပေး ရှင်းလင်းခဲ့ပြီး မဲသမူးကျေးရွာအုပ်စု၊ ကွီးလေးကျေးရွာအုပ်စုနှင့် ရင်းဘိုင်းကျေးရွာအုပ်စုရှိ တောင်သူများထံသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော  လင်းနို့ဂူဩဂဲနစ် သဘာဝမြေဩဇာအိတ် ၅၀ ကို တောင်သူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဇင်လေး(ပြန်/ဆက်)