တောင်ကြီး ဇူလိုင် ၉

 

ရှမ်းပြည်နယ် ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီက တောင်ကြီးမြို့ တောင်ကြီး(ထင်း) ကြိုးဝိုင်းအတွင်း ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး တက်ရောက် အမှာစကားပြောကြားသည်။

 

ကြည့်ရှုအားပေး

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက သတ်မှတ်နေရာများတွင် သစ်ပင်များစိုက်ပျိုးပေးပြီး တက်ရောက်လာကြသူများက စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။

 

ယနေ့ကျင်းပသည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ထင်းရှူး၊ ချယ်ရီ၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ မာတာကွတ်၊ ခါတော်မီ၊ ပိတောက်၊ ခရေ၊ စံကားဝါ စသည့်ပျိုးပင်ပေါင်း ၁၁၀၀ ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။  

မောင်မောင်သန်း(တောင်ကြီး)