ရှမ်းပြည်နယ်မှ ထွက်ရှိလာသည့် ပန်းမုန်လာများ မန္တလေးဈေးကွက်တွင် ဈေးကောင်းရရှိ

မန္တလေး၊ ၂၅ ဒီဇင်ဘာ

မန္တလေးကုန်စိမ်းသီးနှံဈေးကွက်အတွင်းသို့ ယခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသတို့မှ စိုက်ပျိုးထွက်ရှိလာသည့် ပန်းမုန်လာများ လှိုင်လှိုင်ဝင်ရောက်လျက်ရှိကာ ဈေးနှုန်းမှာလည်း ကောင်းမွန်လျက်ရှိကြောင်း သိရသည်။ 

အခုအချိန်က ရှမ်းပြည်နယ်ဘက်ကထွက်တဲ့ ပန်းမုန်လာတွေ ဈေးကွက်ထဲ ဝင်ရောက်လာနေပါပြီ၊၊ ဈေး ကလည်း အရင်က ပန်းမုန်လာ တစ်ပွင့်ကို ကျပ် ၂၀၀ လောက်ပဲရပေမယ့် ဒီရက်ပိုင်းမှာ ကျပ် ၄၀၀ လောက်အထိ ရလာတယ်၊၊ ဈေးကောင်းတယ်လို့ ပြောလို့ရတယ် ဟု အောင်ပွဲရုံပိုင်ရှင် ဦးအောင်မိုးနိုင်က ပြောသည်။ 

လက်ရှိတွင် မန္တလေးခရိုင်အတွင်း၌ ကုန်စိမ်းသီးနှံများကို အဓိကဖြန့်ဖြူးပေးနေသည့် သီရိမာလာဈေး အတွင်းသို့ ပန်းမုန်လာများ နေ့စဉ် ကားအစီးရေ ဆယ်ဂဏန်းဝန်းကျင်ခန့် ဝင်ရောက်နေပြီး အရောင်း အဝယ်များလည်း သွက်လက်မြန်ဆန်လျက်ရှိကြောင်း သိရသည်။

ခုအချိန်မှာ ပန်းမုန်လာက တောင်ပေါ်ဒေသတစ်ခုတည်းကပဲ စပြီးထွက်လာလို့ ဈေးကစား လို့ရတဲ့ အတွက် ဈေးကောင်းနေတာပါ။ မကြာမီမှာ မြေပြန့်က ပန်းမုန်လာတွေ ထွက်လာတော့မှာဖြစ်တဲ့ အတွက် ဈေးနှုန်းက ဒီထက်ပိုပြီး တက်ဖို့မရှိနိုင်တော့ဘူးဟု ဟု ကုန်စိမ်းရောင်းသူ ဦးအောင်ကျော်က ပြောသည်။

အဆိုပါ ပန်းမုန်လာများကို ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်းတို့တွင် အဓိကထားစိုက်ပျိုးပြီး ဆယ်နှစ်လရာသီထွက်ရှိသော သီးနှံအမျိုးအစားဖြစ်ကာ တောင်သူများအတွက် အကျိုးဖြစ်ထွန်းသော သီးနှံတစ်ခုဖြစ်ကြောင်း သိရသည်။ 

မင်းထက်အောင်(မန်းကိုယ်ပွား)