ရက်ရှည် အသွားအလာ ကန့်သတ်ပိတ်ဆို့မှာဖြစ်လို့ ဈေးဝယ်သူနဲ့ ပြည့်နှက်နေတဲ့ မဲလ်ဘုန်းမြို့

၈ ဇူလိုင်

 

 

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ သီတင်းခြောက်ပတ် အသွားအလာ ကန့်သတ်ပိတ်ဆို့မှာ ဖြစ်တဲ့အတွက်  ဈေးဝယ်သူနဲ့ နေရာတိုင်းမှာ ပြည့်လျှံနေတာကို တွေ့ရပါတယ်။

 

 

လူဦးရေ ၅ သန်းနေထိုင်တဲ့ မဲလ်ဘုန်းမြို့ဟာ နေ့စဉ် ဗိုင်းရပ်စ်ပိုး ကူးစက်သူ ၁၀ဝ ကျော်ရှိနေတဲ့  ဒီနေ့ သန်းခေါင်ယံ အချိန်မှစပြီး အသွားလာ ပြန်လည် ကန့်သတ်မှာ ဖြစ်ပါတယ်။

 

 

အင်္ဂါနေ့မှာ ၂၄ နာရီအတွင်း ၁၃၄ ဦး တွေ့ရှိကြောင်း သိရပါတယ်။ မဲလ်ဘုန်းမြို့က Woolworths စူပါမားကတ်မှာ ဈေးဝယ်သူတွေ များပြားလွန်းတာကြောင့် ပါစတာခြောက်၊ ဟင်းသီးဟင်းရွက်၊ သကြား စတာတွေကို အရေအတွက် အကန့်အသတ်နဲ့သာ ရောင်းချပေးနိုင်ကြောင်း သိရပါတယ်။

 

 

မြို့ခံတွေဟာ အလုပ်သွားရန်၊  ကိုယ်လက် လေ့ကျင့်ခန်း လုပ်ရန်၊ လိုအပ်တဲ့ပစ္စည်း ဝယ်ယူရန်နဲ့ ကျန်းမာရေး စောင့်ရှောက်မှု ရယူရန် အတွက်သာ အပြင်သွားခွင့် ရှိမှာဖြစ်ကြောင်း သိရပါတယ်။

 

 

ကျောင်းသူ ကျောင်းသားတွေက အွန်လိုင်းကနေ သင်ကြားမှု ပြန်လည် ပြုလုပ်ရမှာဖြစ်သလို စားသောက်ဆိုင်နဲ့ ကော်ဖီဆိုင်တွေကလည်း ပါဆယ်သာ ရောင်းခွင့်ရှိတော့မှာ ဖြစ်ပါတယ်။

 

 

ဘဏ္ဍာရေးဝန်ကြီးက မဲလ်ဘုန်းမြို့မှာ အသွားအလာ ကန့်သတ်လိုက်တဲ့အတွက် သီတင်းတစ်ပတ်ကို ဩစတြေးလျ ဒေါ်လာ ၁ ဘီလီယံ(အမေရိကန်ဒေါ်လာ သန်း ၇၀ဝ) အထိ ဆုံးရှုံးနိုင်ကြောင်း နိုင်ငံတွင်း သတင်းဌာနကိုပြောပါတယ်။

 

 

ကျွမ်းကျင်ပညာရှင်တွေက ကပ်ရောဂါကြောင့် စီးပွားရေးကို စိုးရိမ်ရသလို လူတွေရဲ့ စိတ်ကျန်းမာရေး အပေါ်မှာလည်း ထိခိုက်နိုင်ကြောင်း သတိပေးမှုတွေ ထွက်ပေါ်နေပါတယ်။

 

 

ဩစတြေးလျနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၈,၈၈၆ ဦးရှိပြီး သေဆုံးသူ ၁၀၆ ဦးရှိကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP