စစ်တွေ ၉  အောက်တိုဘာ

ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ စစ်တွေမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအတွက် ဆန်အိတ်များ ထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက စစ်တွေမြို့ ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ယခုဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးတွင် ​ရှေ့တန်းမှ အားသွန်ခွန်စိုက် လုပ်ဆောင်နေကြသော ကျန်းမာရေးဝန်ထမ်းများကို လေးစားဂုဏ်ယူပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့မှလည်း ကျန်းမာရေးဝန်ထမ်းများကို အသိမှတ်ပြုဂုဏ်ပြုသည့် အနေဖြင့် ယခုကဲ့သို့ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။

 

ဆက်လက်၍ ပြည်နယ်လူမှုရေးဝန်ကြီးက စစ်​တွေမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအတွက် ဆန်အိတ် ၉၃၁ အိတ်အား ပေးအပ်ရာ စစ်တွေမြို့ ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်မှ လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားသည်။

 

စစ်တွေမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်း ၉၀၀ ခန့်ရှိပြီး ဝန်ထမ်းတစ်ဦးလျှင် ဆန်တစ်အိတ်နှုန်းခန့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)