ရေဦးတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာအသိပညာပေးလုပ်ငန်းများဆောင်ရွက်

 

ရေဦး  မတ် ၃၀

 

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူများသည် ယနေ့ နံနက် ၉ နာရီက ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို အောင်ချမ်းသာရပ်ကွက် လမ်းဆုံမီးပွိုင့်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့တွင် ဆောင်ရွက်ခဲ့ကြသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက လမ်းဆုံမီးပွိုင့်တို့တွင် သွားလာလျက်ရှိသော ယာဉ်မှူး ယာဉ်နောက်လိုက်များ၊ မော်တော်ဆိုင်ကယ် မောင်းနှင်စီးနင်းလိုက်ပါသူများ၊ အနှေးယာဉ်မောင်းသူနှင့် လမ်းသွားလမ်းလာများအား ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ  ဖြန့်ဝေပေးခြင်းနှင့် ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်များ သိရှိလိုက်နာနိုင်ရေးတို့ကို အသိပေးပြောကြားခဲ့သည်။

 

ဆက်လက်ပြီး အောင်ချမ်းသာရပ်ကွက်ရုံးတွင် ယာဉ်စည်းကမ်း လမ်းစည်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေပါ

အချက်အလက်များ၊   အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (၂၀၂၁-၂၀၃၀) ၏ ရည်မှန်းချက်များအကြောင်း အပါအဝင် ယာဉ်တိုက်ခိုက်မှုဖြစ်စဉ်များနှင့် ပတ်သက်၍ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး  မှတ်တမ်းဗီဒီယိုကို ပြသခဲ့ကြောင်း သိရသည်။

သန်းသန်း(ရေဦး)