ရွှေသောင်ယံမြို့တွင် ဝါးထရံယက်လုပ်‌သည့်လုပ်ငန်းမှ ဝင်ငွေကောင်းရနေ

ရွှေသောင်ယံ  ၁၉  မတ်


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ဝါးဖြင့်ပြုလုပ်သော အိမ်အသုံးအဆောင် ပစ္စည်းများ ယက်လုပ်ရောင်းခြခြင်းဖြင့် ဝင်ငွေကောင်းကာ ဝါးထရံယက်လုပ်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။


"ဝါးထရံယက်လုပ်ခအနေနဲ့ တစ်တောင် လေးတောင် တစ်ချပ်ကို ထောင့်ငါးရာ ရပါတယ်။ လေးတောင် ပတ်လည်တစ်ချပ်ကိုခြောက်ထောင်ရပါတယ်။ ဝယ်ယူသူတွေရဲ့ လိုချင်တဲ့ အတိုင်းအတာကို ယက်လုပ်ပေးရတာပါ။ တစ်လကိုပျမ်းမျှ ဆယ့်ငါးချပ်၊ အချပ်နှစ်ဆယ်လောက် ယက်လုပ်ရပါတယ်။ ဝင်ငွေအနေနဲ့တော့ အတိအကျမရှိပါဘူး။ တစ်သိန်းခွဲခန့်ရပါတယ်"ဟု ရွှေသောင်ယံမြို့ အမှတ် () ရပ်ကွက်မှ ဝါးထရံလုပ်ငန်းလုပ်ကိုင်သော ဦးသန်းထွန်းထံမှသိရသည်။


အဆိုပါလုပ်ငန်းတွင် ဝါးထရံအပြင်၊ အကွက်ကျဲငါးလှမ်းစဉ်များ ယိုင်ပတ်များကို ယက်လုပ်လျက်ရှိကာ ဒေသထွက် ခရင်ဝါးအမျိုးအစားဖြင့် ယက်လုပ်လျက်ရှိကြောင်း၊ ကုန်ကြမ်း ခရင်ဝါးတစ်ရာစည်း တစ်စည်းကို ခြောက်ထောင်ကျပ်ဖြင့် ဝယ်ယူယက်လုပ်ရကြောင်း ဦးသန်းထွန်းထံမှသိရသည်။

 

ကိုကိုမောင် ရွှေသောင်ယံ(ပြန်/ဆက်)