ရွှေသောင်ယံမြို့ မကျီးဇင်တိုက်နယ်ဆေးရုံ သူနာပြုဆရာမ (၂)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

ရွှေသောင်ယံ ဇူလိုင် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ မကျီးဇင်ကျေးရွာအုပ်စု၊ မကျီးဇင်တိုက်နယ်ဆေးရုံတွင်  ဇူလိုင် ၁၄ ရက် ညနေပိုင်းက ကိုဗစ်-၁၉ သံသယရှိသူ(၄)ဦးကို RDT ဖြင့်စစ်ဆေးရာ သူနာပြုဆရာမ (၂)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရကြောင်း သိရှိရသည်။


ဇူလိုင် ၁၅ ရက်အထိ ရွှေသောင်ယံမြို့တိုက်နယ်ဆေးရုံတွင် ကိုဗစ်-၁၉ သံသယလူနာများအား စစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိသူ အတည်ပြုလူနာ (၁၈)ဦး၊ ရွှေသောင်ယံအပိုင် မကျီးဇင်တိုက်နယ်ဆေးရုံတွင် အတည်ပြုလူနာ(၂)ဦး စုစုပေါင်း ယနေ့အထိအတည်ပြုလူနာ (၂၀) တွေ့ရှိခဲ့ရပြီး ရွှေသောင်ယံဆေးရုံမှ လူနာ(၁)ဦးမှာ ရောဂါသက်သာပြီဖြစ်၍ ဇူလိုင် ၁၄ ရက်က ဆေးရုံမှဆင်းခွင့်ရကြောင်း သိရသည်။

ရွှေသောင်ယံ(ပြန်/ဆက်)