ရေပြင် မတော်တဆမှုများကို လျင်မြန်စွာတုန့်ပြန်နိုင်ရေး မီးသတ်တပ်ဖွဲ့ဝင်များ (၃)ရက်ကြာလေ့ကျင့်

မုံရွာ ၈  ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာကန်အတွင်း မုံရွာခရိုင် မီးသတ်ဦးစီးဌာနမှ ကြီးမှူးပြီး ရေပြင်ရှာဖွေကယ်ဆယ်ရေးနှင့် speed boad မောင်းနှင်ခြင်းသင်တန်းကို ဇန်နဝါရီလ (၇)ရက်နေ့မှ (၉)ရက်နေ့ အထိ (၃)ရက်လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

 

8520963.741

 

 ““ စစ်ကိုင်းတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး၏ လမ်းညွှန်မှုနဲ့ မုံရွာခရိုင်အတွင်းရှိ (၄)မြို့နယ်မှ ရှာဖွေ ကယ်ဆယ်ရေး တပ်ဖွဲ့ဝင် (၃၅)ဦးပါဝင်တဲ့ တပ်စုတစ်စုကို  ရေကူး၊စပိဘုတ်မောင်းနှင်ခြင်း၊ ရေငုပ် သင်တန်း၊ ရေအောက်ရှာဖွေရေး၊ ရေပေါ်မီးငြိမ်းသတ်ခြင်း ဖြစ်ပွားလာတဲ့ ရေယာဉ်နစ်မြုပ်မှု၊ ရေနစ်သူကို ရှာဖွေကယ်ဆယ်တာတို့မှာ လျင်မြန်စွာတုန့်ပြန်နိုင်ဖို့ လေ့ကျင့်သင်ကြားပေတာဖြစ်တယ်၊ သဘာဝဘေးတွေ၊ ရေဘေးတွေကြောင့်ဖြစ်တဲ့ မတော်တဆမှုတွေမှာ တပ်ဖွဲ့ဝင်တွေ အချိန်မီ လုပ်ဆောင်နိုင်ဖို့အတွက် သင်ကြား ပေးနေတာဖြစ်တယ်”” ဟု မုံရွာခရိုင်မီးသတ်ဦးစီးဌာနမှ ဒုမီးသတ ်ဦးစီးမှူး ဦးတင်ကိုကိုက ပြောသည်။

 

၎င်းသင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး၏ လမ်းညွှန်မှုအရ မုံရွာခရိုင်မီးသတ်ဦးစီး ဌာနမှ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပြီး မုံရွာခရိုင်အတွင်းရှိ မုံရွာ၊ ဘုတလင်၊ချောင်းဦးနှင့် အရာတော်မြို့နယ်များမှ ရှာဖွေကယ်ဆယ်ရေးမီးသတ်တပ်ဖွဲ့ဝင်(၃၅)ဦးတို့ဖြင့် ရေကူး၊ စပိဘုတ်မောင်းနှင်ခြင်း၊ ရေငုပ်သင်တန်း၊ ရေအောက်ရှာဖွေရေး၊ ရေပေါ်မီးငြိမ်းသတ်ခြင်းတို့ကို သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။

 

5

 

 ““ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ဖို့ အဓိကကျတဲ့စက်ပစ္စည်းတွေကို တပ်ဖွဲ့ဝင်တွေအနေနဲ့ကျွမ်းကျင် ပိုင်နိုင်စွာ ကိုင်တွယ်နိုင်ဖို့ ဆိုတဲ့ရည်ရွယ်ချက်နဲ့ လေ့ကျင့်တယ်၊ စပိဘုတ်မောင်းနှင်မှုကို တပ်ဖွဲ့ဝင် အားလုံး မောင်းတတ်အောင်လေ့ကျင့်တယ်၊ ခေတ်မီရေပြင်ရှာဖွေကယ်ဆယ်ရေး ပစ္စည်းတွေကို အသုံးပြုမယ့် တပ်ဖွဲ့ဝင်တွေ ကျွမ်းကျင်ဖို့ အတွက်လေ့ကျင့်တယ်၊ ခက်ခဲမှုအနေနဲ့က ရေပြင်နဲ့မြေပြင်က တစ်ခုနဲ့တစ်ခုက မတူဘူး၊ မြေပြင်မှာတော့ မတော်တဆမှုတွေကို ခက်ခက်ခဲခဲကယ်ဆယ်ရတဲ့ ဖြစ်စဉ်တွေရှိသလို ရေပြင်မှာက ပိုပြီး ခက်ခဲတယ်၊ ကယ်ဆယ်ရေးလုပ်ရတဲ့ သူအတွက်ပိုပြီး ခက်ခဲတယ်၊ ကယ်တဲ့သူအတွက် ပိုပြီးအန္တရာယ် များတယ်၊ မတော်တဆမှုဖြစ်တဲ့သူနဲ့ ကယ်ဆယ်ရေးလုပ်တဲ့သူတွေ အန္တရာယ်ကင်းရှင်းဖို့အတွက် ပိုပြီး လေ့ကျင့်ပေးရတယ်၊ အခုလို လေ့ကျင့်တဲ့အတွက် ခေတ်မီပစ္စည်း ကိရိယာတွေနဲ့ တပ်ဖွဲ့ဝင်တွေ မစိမ်းတော့တဲ့အတွက် ရှာဖွေကယ်ဆယ်ရေးလုပ်တဲ့အချိန်မှာတော့ အချိန်မီ၊ မြန်မြန်ဆန်ဆန်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်၊ ပျက်စီးဆုံးရှုံးမှုလည်းနည်းသွားမှာ ဖြစ်ပါတယ်”” ဟု မုံရွာခရိုင်မီးသတ်ဦးစီးမှူး ဦးညီညီဇော်က ပြောသည်။

 

6

 

မုံရွာခရိုင်အတွင်း ၂၀၁၉ ခုနှစ်တွင် ရေပြင်ရှာဖွေကယ်ဆယ်ရေး (၂၂)ကြိမ်နှင် မြေပြင်ရှာဖွေရေး (၂၁) ကြိမ်တို့ လုပ်ဆောင်ခဲ့ရာတွင် ရေပြင်ရှာဖွေရေးတွင်  ရေနှစ်သေဆုံးသူ (၂၅)ဦးခန့်ကို ရှာဖွေခဲ့ရကြောင်း ခရိုင်မီးသတ်ဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

 

6

 

ဝင်းဦး(ဇေယျာတိုင်း)