​ရေးမြို့နယ်၌ လက်ထောက်မူလတန်းပြ ဆရာ/ဆရာမများအား လုပ်ငန်းခွင်အကြို ရက်တိုမွမ်းမံသင်တန်း ဖွင့်လှစ်ပို့ချ

​ရေး ဇွန်

 

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ထပ်တိုးခန့် အပ်ထားသည့် လက်ထောက်မူလတန်းပြ ဆရာ/ဆရာမများအား ကျောင်းလုပ်ငန်းခွင်တွင် လုပ်ငန်းများဆောင်ရွက်ရာ၌ အဆင်ပြေစေရေးအတွက် လုပ်ငန်းခွင်အကြို ရက်တိုမွမ်းမံသင်တန်းကို ဇွန် ၄ ရက် နံနက် ၉ နာရီက ​ရေးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်း​ကျောင်း ပညာရတနာခန်းမ၌ ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

 

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ အတွင်း​ရေးမှူး ရဲမှူး​ဇော်မိုးက လုံခြုံ​ရေးနှင့်ပတ်သက်သည့် ​ဆောင်ရန်/​ရှောင်ရန်များကို​ ဆွေး​နွေးမှာကြားသည်။ ထို့နောက် မြို့နယ်ပညာ​ရေးမှူး ဦးမင်း​ဌေးဦးက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဝန်ထမ်းများလိုက်နာမည့် စည်းကမ်းချက်များ တာဝန်များအ​ကြောင်းနှင့် သင်တန်းစည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

 

အဆိုပါ မွမ်းမံသင်တန်းကို သင်တန်းနည်းပြ ဆရာ/ဆရာမ (၄) ဦးတို့မှ လက်ထောက်မူလတန်းပြ သင်တန်းသူ/ သင်တန်းသား ဆရာ၊ ဆရာမ (၇၀)တို့အား ဇွန် ၄ ရက်မှ ၁၀ ရက်အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

ရေး(ပြန်/ဆက်)