ရေကြည် မေ ၂၆
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နင်းရေးအတွက် ယနေ့နံနက်ပိုင်းတွင် ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ ပိုးလောက်လမ်း ပေါက်ပွားနိုင်သည့်နေရာများ စစ်ဆေးခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများ ပြုလုပ်သည်။
မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များပူးပေါင်း၍ ရပ်ကွက်နှင့်ကျေးရွာများရှိ စာသင်ကျောင်းများ၊ လူနေအိမ်များတွင် ပိုးလောက်လမ်း ပေါက်ပွားနိုင်သည့်နေရာများ စစ်ဆေးခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရေတွင်း၊ ရေကန်များတွင် အဘိတ်ဆေးခတ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


