ရေကြည်     ဇူလိုင် ၂၈

ရေရှည်စဉ်ဆက်မပြတ် ငါးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ၊ ဒေသအတွင်းငါးရိက္ခာဖူလုံစေရန် နှင့်ငါးသယံဇာတများတိုးပွားစေရန်ရည်ရွယ်၍    ငါးလုပ်ငန်းဦးစီးဌာနမှငါးမျိုးများစိုက်ထည့်ပေးလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဦးဆောင်ကာ သဘာဝရေပြင်ငဝန်မြစ်အတွင်းသို့ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကိုယနေ့နံနက် (၈)နာရီခွဲ အချိန်က ငါးသိုင်းချောင်းမြို့ရှေ့ဆောင်ရပ်ကွက်သောင်ရွာကူးတို့ဆိပ်၌ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဝင်းအောင်ခိုင်က  တက်‌ရောက်လာသူများထံသို့ ငါးမျိုးများပေးအပ်ခဲ့ပြီး မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းဇော်လင်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက ငါးမြစ်ချင်း သားပေါက်ကောင်ရေ ၁၂၅၀၀၀ နှင့် ထိုင်းငါးခုံးမသားပေါက်ကောင်ရေ ၁၂၅၀၀၀ တို့ အား  သဘာဝရေပြင်ငဝန်မြစ်အတွင်းသို့စုပေါင်း ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်းသိရသည်။

အောင်သူဟန် (ပြန်/ဆက်)