ရေကြည် ဇူလိုင် ၁၉
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် ညောင်ငူကျေးရွာ အိမ်ခြေ ၃၆ လုံး၊ ရွာမြေဧရိယာ ၅ ဒသမ ၁၁၄ ဧကအား မြေငှားဂရန်များ အမြန်ဆုံးထုတ်ပေးနိုင်ရေး မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။
ကြည့်ရှုစစ်ဆေး
ထိုသို့ ဆောင်ရွက်ရာတွင် ကျုံပျော်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျေးရွာပြည်သူများ လက်ဝယ်သို့ မြေငှားဂရန်များ စနစ်တကျနှင့် အမြန်ဆုံး ထုတ်ပေးနိုင်ရေးအတွက် ကျေးရွာမြေငှားဂရန် ထုတ်ပေးမည့် အိမ်ခြေများအား စစ်ဆေးနေသည့် လုပ်ငန်းစဉ်များကို အသေးစိတ် လှည့်လည်ကြည့်ရှု စစ်ဆေးပြီး အမှန်တကယ် နေထိုင်ပိုင်ဆိုင်မှုနှင့် သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိတို့ကို တစ်အိမ်တက်ဆင်း စစ်ဆေးမေးမြန်းခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


