ရေကြည်မြို့နယ် ငဝန်မြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ် (၄)လုံးပြောင်းရွှေ့

ရေကြည် ဇန်နဝါရီ

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ကညင်ငူကျေးရွာအုပ်စုတွင် ငဝန်မြစ်ကမ်းပါး ပြိုကျမှုကြောင့် နေအိမ်()လုံး ယနေ့ နံနက် နာရီခွဲခန့်က ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။

 

၂၀၁၉ ခုနှစ် ဇန်နဝါရီ ရက် နံနက် နာရီခွဲခန့်က ရေကြည်မြို့နယ် ကညင်ငူကျေးရွာအုပ်စု ကမ်းနားတန်း အရှေ့ပိုင်းတွင် ငဝန်မြစ်ရေတိုက်စားမှုကြောင့် အလျားပေ ၁၂၀ ခန့် အနံ ပေခန့် မြစ်ကမ်းပါး အက်ကွဲခဲ့သဖြင့် အဆိုပါမြစ်ကမ်းပါးနှင့် ၁၅ ပေခန့်အကွာတွင် နေထိုင်သော ဦးအုံးကြည်(၆၈)နှစ် နေအိမ် သွပ်မိုး-ထရံကာ ပျဉ်ခင်း()ပင်()ခန်း နေအိမ်၊ ဦးမှတ် (၈၀)နှစ် နေအိမ် သွပ်မိုး ပျဉ်ကာ ပျဉ်ခင်း()ပင် ()ခန်း နေအိမ် ဦးအေးထွန်း(၄၆)နှစ် ဓနိမိုး ထရံကာ ဝါးကြမ်းခင်း()ပင် ()ခန်း နေအိမ်နှင့် ဒေါ်ပန်းအိဖြူ ၂၄ နှစ်နေအိမ် ဓနိမိုးထရံကာ ဝါးကြမ်းခင်းနေအိမ်များအား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းအောင်နှင့် ရေကြည်မြို့မရဲစခန်းမှ ဒုရဲအုပ်ဘိုဘိုဟိန်း ဦးစီးသော တပ်ဖွဲ့ဝင်များ ရပ်မိရပ်ဖများ ရွာသူရွာသားများမှ ကညင်ငူကျေးရွာအတွင်းရှိ ၎င်းတို့၏ ဆွေမျိုးသားချင်းများ နေအိမ်သို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

ဆန်းတင့်ရေကြည်