ဗီယန်ကျင်း ဇွန် ၁၈
၂၀၂၆ မိုးရာသီအတွင်း ရေကြီးမှုအန္တရာယ်နှင့် ဆက်စပ်သဘာဝ ဘေးအန္တရာယ်များကို လျှော့ချရန် လာအိုနိုင်ငံသည် ရေကြီးမှုဆိုင်ရာစီမံခန့်ခွဲမှုနှင့် ပတ်ဝန်းကျင်အခြေအနေ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အမျိုးသားရေအရင်းအမြစ်ကော်မတီသည် ရေအရင်းအမြစ်၊ ရေလှောင်ကန်များနှင့် နိုင်ငံတစ်ဝန်း ရေလွှမ်းမိုးမှုအန္တရာယ်များကို စီမံခန့်ခွဲရာတွင် သက်ဆိုင်ရာ အေဂျင်စီများ၏ အဆင်သင့်ဖြစ်မှုကို အကဲဖြတ်ဆောင်ရွက်နေစဉ် ၂၀၂၆ ရေကြီးမှုဆိုင်ရာ တုံ့ပြန်ရေးကို အတည်ပြုရန်နှင့် ပြန်လည် သုံးသပ်သည့် အစည်းအဝေးတစ်ရပ်လည်း ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ရာသီဥတုနှင့် ဇလဗေဒဆိုင်ရာ ခန့်မှန်းချက်များ၊ မဲခေါင်မြစ်နှင့် မြစ်လက်တက်များအတွက် ရေလွှမ်းမိုးမှုပုံစံ၊ ရေလှောင်ကန်လုပ်ငန်းများ၊ ဆည်မြောင်းစနစ်များနှင့် မြို့ပြရေလွှမ်း မိုးမှု လျော့ပါးရေးအစီအမံများကိုဆွေးနွေးခဲ့ပြီး ရေနှင့်ပတ်သက်သည့် ဥပဒေများကို မြှင့်တင်ရန် အဆိုပြုခဲ့ကြောင်း သိရသည်။
ဆင်ဟွာ


