ရှေးဟောင်းသမိုင်းဝင်​ ​မြောက်တိုက်ကြီး ဘုရားစေတီ ၃၃ ဆူအား ဆီမီး ၉၀ဝ၀ ကပ်လှူပူဇော်မည်

ဆားလင်းကြီး   ၅    အောက်တိုဘာ

 

ယင်းမာပင်ခရိုင် ဆားလင်းကြီမြို့ ရှေးဟောင်းသမိုင်းဝင် ​မြောက်တိုက်ကြီးဘုရားစေတီ (၃၃)ဆူအား သီတင်းကျွတ်လပြည့်နေ့၌ ဆီမီး ၉၀ဝ၀ ထွန်းညှိ ပူဇော်သွားမည်ဖြစ်​ကြောင်း သိရသည်။

 

မြောက်တိုက်ကြီးဘုရားစေတီ (၃၃)ဆူ နှင့် ဘုရားများ၏ ပရဝဏ် ဘေးပတ်ပတ်လည်များမှာ ဆီမီးများ ထွန်းညှိကပ်လှူပူဇော်သွားမည်ဖြစ်ရာ အလှူရှင်များအနဖြင့် ကုသိုလ်ယူပါဝင် လှူဒါန်းကြဖို့ နှိုးဆော်ထား​​ကြောင်း ​​မြောက်တိုက်ကြီး ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

 

ဇော်လင်း(ဆားလင်းကြီး)