ရွှေဆံနွယ် စက္ခုဒါန မျက်စိဆေးရုံ၌ (၂၂)ကြိမ်မြောက် ကုသိုလ်ဖြစ် အခမဲ့မျက်စိခွဲစိတ်ကုသပေး

ယင်းမာပင်    ၁၅   စက်တင်ဘာ     

(၂၂)ကြိမ်မြောက် ကုသိုလ်ဖြစ် အခမဲ့ မျက်စိခွဲစိတ်ကုသပေးခြင်းကို စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းမှ စတင်ကာ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ် ဆင်တဲကျေးရွာ ရွှေဆံနွယ်စက္ခုဒါန မျက်စိဆေးရုံ၌  ခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။

 

2

 

အဆိုပါ ကုသိုလ်ဖြစ် အခမဲ့ မျက်စိခွဲစိတ်ကုသပေးခြင်းကို မြန်မာနိုင်ငံ စေတနာရှင် ဆရာဝန်များ၊ သူနာပြုများ၊ ဆေးဝါးကျွမ်းကျင်နှင့် ဆေးဘက်ဆိုင်ရာ ပညာရှင်များအဖွဲ့က နိုင်ငံတော် ဓမ္မကထိက ဗဟုဇနဟိတဓရ ရွှေဆံနွယ်ဆရာတော် ဒေါက်တာ အရှင်ဝါယာမာနန္ဒ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(မန္တလေး) အား အမှူးထားလျက် မျက်စိအလင်းဒါန ကုသိုလ်တော်အဖြစ် ခွဲစိတ်ကုသခံယူလိုကြသော မျက်စိဝေဒနာရှင်များအား ဆရာတော်၏ ရွှေဆံနွယ်စက္ခုဒါန မျက်စိဆေးရုံ၌ (၂၂)ကြိမ်မြောက် ကုသိုလ်ဖြစ်အခမဲ့ မျက်စိခွဲစိတ်ကုသ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

အခမဲ့မျက်စိခွဲစိတ်ကုသပေးရာသို့ လာရောက်ပြသသော မျက်စိဒေနာရှင်များကို ရှေးဦးစွာ စမ်းသပ်မှုများ ဆောင်ရွက်ပေးပြီး  ခွဲစိတ်ကုသမှု ပြုလုပ်ရန် လိုအပ်သူများကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးကာ မျက်မှန်တပ်ရန် လိုအပ်သူများကိုလည်း သေချာစမ်းသပ်စစ်ဆေးကာ မျက်မှန်များ အခမဲ့ပေးအပ်သည်။

ဆင်တဲကျေးရွာ ရွှေဆံနွယ်စက္ခုဒါန မျက်စိဆေးရုံ၌ ကုသိုလ်ဖြစ်အခမဲ့ မျက်စိခွဲစိတ်ကုသပေးခြင်းကို စက်တင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်အထိ နှစ်ရက် အခမဲ့ကုသ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကုသိုလ်ဖြစ် အခမဲ့မျက်စိခွဲစိတ်ကုသမှု အနေဖြင့် စက်တင်ဘာ ၁၄ ရက်တွင် ဆေးရုံသို့ လာရောက်ပြသသူ ဦးရေ (၂၉၆)ဦးရှိပြီး (၄၅) ဦးတို့အား ခွဲစိတ်ကုသဆောင်ရွက်မှု ပြုလုပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

သန်းဌေးအောင်(ကနီ)