Real Steel ဇာတ်လမ်းတွဲကို ဒစ်စနေဖန်တီး

တစ်ချိန်က အောင်မြင်ခဲ့တဲ့ ရုပ်ရှင်တစ်ကားဖြစ်တဲ့ Real Steel ရဲ့ ပရိသတ်တွေအတွက်တော့ သတင်းကောင်းတစ်ခုဖြစ်ပါတယ်။ လက်ရှိမှာ ဒစ်စနေက အဆိုပါ ရုပ်ရှင်ကို ဇာတ်လမ်းတွဲတွေအဖြစ် ဖန်တီးလျက်ရှိကြောင်း အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

Real Steel ရုပ်ရှင်ကို ၂၀၁၁ ခုနှစ်အတွင်း ရုံတင်ပြသခဲ့တာပါ။ ဟက်ခ်ဂျက်မန်း အဓိကဇာတ်ဆောင် အဖြစ် ပါဝင်ထားတဲ့ အဆိုပါရုပ်ရှင်ဟာ ပြသချိန်မှာ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ခန့် ဝင်ငွေ ရရှိခဲ့ပါတယ်။

ယင်းရုပ်ရှင်ကို ယခုနှစ် နှစ်စပိုင်းမှာ နက်ဖ်လစ်ကနေတစ်ဆင့် ထုတ်လွှင့်ပြသခဲ့ပြီး ပရိသတ်တွေလည်း ထပ်တိုးရရှိခဲ့ပါတယ်။ ဒါကြောင့် အဆိုပါရုပ်ရှင်ရဲ့ ဒါရိုက်တာက ဇာတ်လမ်းတွဲအဖြစ် ပြန်လည် ဖန်တီးဖို့ရာ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အေးပြည့်