ရှားတောမြို့နယ် စူဠာမုဏိဘုရားကုန်းပေါ်ရှိ ကျွန်းပင်လဲကျမှုကြောင့် အရန်စေတီ၊ ထီးတော်၊ စိန်းဖူးတော်၊ ငှက်မြက်နားတော်များ မြေခပျက်စီး

ရှားတော  စက်တင်ဘာ  ၂၈

 

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် စက်တင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းက မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ဈေးပိုင်းရပ်ကွက်၊ စူဠာမုဏိဘုရားကုန်းပေါ်ရှိ ကျွန်းပင်လဲကျ၍ အဖျားခတ်ပြီး ရင်ပြင်ပေါ် အရှေ့ဘက်ခြမ်းရှိ ဉာဏ်တော် ကိုးတောင်အမြင့်ရှိ အရန်စေတီ လေးဆူ၏ ထီးတော်၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်များ မြေခပျက်စီးခဲ့ကြောင်း သိရသည်။ လဲကျသွားသော ကျွန်းပင်အား တပ်ရင်း တပ်ဖွဲ့များနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းခုတ်ထွင် ရှင်းလင်းခဲ့ကြကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)