ရာသီကုန်တွင် ဇာဘလက်တာ ကစားသမားဘဝမှ အနားယူသွားပါကမန်ယူနောက်ခံလူ ဗလင်စီယာကို ခေါ်ယူရန် ဝက်စ်ဟမ်းစိတ်ဝင်စားနေ

၁၉  ဖေဖော်ဝါရီ

 

အာဂျင်တီးနားနောက်တန်းကစားသမား ဇာဘလက်တာဟာ အခုနှစ်ဘောလုံးရာသီကုန်မှာ အနားယူတော့မှာ ဖြစ်တာကြောင့် ဇာဘလက်တာရဲ့နေရာတွင် မန်ယူနောက်တန်းကစားသမား ဗလင်စီယာနဲ့အစားထိုးဖို့ ဝက်စ်ဟမ်းအသင်း အနေနဲ့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

 

ဝက်စ်ဟမ်းအသင်းက ဇာဘလက်တာအား အသင်းတွင် ဆက်ကစားရန် မျှော်လင့်ထားသော်လည်း ကစားသမား ကိုယ်တိုင်က လာမယ့်ဘောလုံးရာသီမှာ ဝက်စ်ဟမ်းအသင်းတွင် ဆက်လက်ကစားရန် အစီအစဉ်မရှိကြောင်း ပြောကြားထားပါတယ်။

 

အဲဒါကြောင့် ဝက်စ်ဟမ်းအသင်းက ဇာဘလက်တာနေရာမှာ အစားထိုးဖို့အတွက် မန်ယူအသင်းရဲ့ နောက်တန်း ကစားသမား ဗလင်စီယာကို ခေါ်ယူဖို့ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။ ဝက်စ်ဟမ်းအသင်းနည်းပြ ပယ်လီဂရီနီက ဝါရင့်နောက်တန်းကစားသမား ဇာဘလက်တာ ထွက်ခွာသွားပါက နောက်ထပ်ဝါရင့်ကစားသမားတစ်ဦးဖြစ်တဲ့ ဗလင်စီယာကို ခေါ်ယူဖို့ ပြင်ဆင်ထားခဲ့တယ်လို့ သိရပါတယ်။

 

နောက်တန်းကစားသမား ဗလင်စီယာမှာ လက်ရှိတွင် ဒူးဒဏ်ရာရရှိထားတာဖြစ်ပြီး အဲဒီလို ဒဏ်ရာရထားပေမယ့် ဝက်စ်ဟမ်းအသင်းကတော့ နောက်တန်းကစားသမား ဇာဘလက်တာထက် တစ်နှစ်ငယ်တဲ့ ဗလင်စီယာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ဗလင်စီယာဟာ မန်ယူအသင်းကို ၂၀ဝ၉ ခုနှစ်ကတည်းက ရောက်ရှိလာခဲ့တာဖြစ်ပြီး ပွဲ ၂၄၀ မှာ ၁၇ ဂိုးသွင်းထားပါတယ်။

 

ငွေကြယ်