ရွာငံမြို့နယ် ကော်ဖီစိုက်တောင်သူသမဝါယမအသင်းသားများ ကော်ဖီစျေးကောင်းရရှိ

ရွာငံ  မတ် ၉

 

ရှမ်းပြည်နယ်(တောင်ပိုင်း)  ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  ရွာငံမြို့နယ်ရှိမြို့နယ် သမဝါယမအသင်းစု၊ ကော်ဖီစိုက်ပျိုး ထုတ်လုပ်ရေး သမဝါယမအသင်း ၄သင်းနှင့် ရွှေသိင်္ဂီ ကော်ဖီအစုအဖွဲ့တို့က ဒေသခံတောင်သူများ နှင့် သမဝါယမ အသင်းသားများ စိုက်ပျိုးသော ကော်ဖီသီးနှံများကိုဝယ်ယူကြိတ်ခွဲဖြန့်ဖြူး ရောင်းချလျက်ရှိသည်။ အဆိုပါ အသင်းများမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ကော်ဖီသီးနှံ ၄၇၁.၂၉၄ တန် ဝယ်ယူရောင်းချ ဖြန့်ဖြူးနိုင်ခဲ့ပြီး ကော်ဖီသီးနှံ စတင်ပေါ်ချိန်တွင်ကော်ဖီစိုက် တောင်သူသမဝါယမအသင်းသားများ အနေဖြင့် ကော်ဖီသီးလုံးအစို တစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀ မှ ငွေကျပ် ၃၈၀၀ အထိ စျေးနှုန်းရရှိခဲ့သည့်အတွက် အဆင်ပြေလျက်ရှိသည်။

 

ထို့ပြင် ကော်ဖီစိုက်သမဝါယမအသင်းများအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အတွင်း မြို့နယ်သမဝါယမအသင်းစုနှင့် ကောင်းထက်ဟိန်းကော်ဖီစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းတို့မှ

အသင်းသားများအား ကုန်ရောင်းပေါ် ပြန်အမ်းငွေကျပ် ၃၁၅.၆၆ သိန်း၊ မြို့နယ်သမဝါယမအသင်းစု၊ ကော်ဖီစိုက်ပျိုး ထုတ်လုပ်ရေး သမဝါယမအသင်း ၄သင်း နှင့် ရွှေသိင်္ဂီကော်ဖီအစုအဖွဲ့တို့မှ ကော်ဖီစိုက်တောင်သူများသို့ အစုပေါ်အမြတ်ငွေကျပ် ၂၅၇.၆၆ သိန်း ထုတ်ပေးခဲ့ကြောင်း သိရသည်။

 

သမဝါယမဦးစီးဌာန