နေပြည်တော် ၁၆ စက်တင်ဘာ 


ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးမြင့်အောင်နှင့် ဦးမျိုးဝင်းတို့ပါဝင်သည့် အပြီးသတ်ကြားနာ ဆုံးဖြတ်ရေး အဖွဲ့သည် ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ် တော်ချုပ်  ရုံးခန်းအမှတ်(၁) ၌ ရုံးထိုင်ပြီး ရာဇဝတ်အထွေထွေလျှောက်ထားမှု (စာချွန်တော်)(၁)မှုနှင့် တရားမအထွေထွေလျှောက်ထားမှု(စာချွန်တော်)(၄)မှု ကို စီရင်ချက်ချမှတ်သည်။


ထို့ပြင် ရာဇဝတ်အထွေထွေလျှောက်ထားမှု (စာချွန်တော်) (၁)မှုနှင့် တရားမအထွေထွေလျှောက်ထားမှု (စာချွန်တော်) (၄)မှုတို့ကို ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။ 


(သတင်းစဉ်)