ပူတာအိုမြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကျပန်းစကား ပြောပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပ

ပူတာအို   နိုဝင်ဘာ   ၁၆

 

ကချင်ပြည်နယ်၊ပူတာအိုမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီက ပူတာအိုမြို့ အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမနှင့် ဘောလုံးကွင်း၌ ကျင်းပခဲ့သည်။


        
ပူတာအိုမြို့နယ်အဆင့် ကျောင်းပေါင်းစုံ စာစီစာကုံးပြိုင်ပွဲတွင် “အမျိုးသားနေ့အောင်ပွဲ”ခေါင်းစဉ်ဖြင့် အထက် တန်းအဆင့်ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူ(၄)ဦး၊ အလယ်တန်းအဆင့် ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူ (၁၉)ဦး စုစုပေါင်း (၂၃)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ကျပန်းစကားပြောပြိုင်ပွဲတွင် “အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ” ခေါင်းစဉ်ဖြင့် အထက်တန်းအဆင့် ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူ  (၂)ဦး၊ အလယ်တန်း အဆင့် ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူ (၁၃)ဦး စုစုပေါင်း (၁၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

 

ထို့ပြင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အနေဖြင့် ပူတာအိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများက ဖူဆယ်ဘောလုံး အားကစားပြိုင်ပွဲနှင့် ထုပ်ဆီးတိုး အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အဆိုပါယှဉ်ပြိုင်နေမှုများကို တာဝန်ရှိသူများက  ကြည့်ရှုအားပေးခဲ့ကြသည်။

 

ပြိုင်ပွဲများတွင် ဆုရကျောင်းသား ကျောင်းသူများအား နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကျင်းပမည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဖုန်ကန်(ပူတာအို)