ပုသိမ် မေ ၂၇

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၂၉) ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက ပုသိမ်မြို့အမှတ် (၁၁)အခြေခံပညာ အထက်တန်း ကျောင်း(မြို့မ) ၌ ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော် တက်ရောက် ကြည့်ရှုအားပေးသည်။

ထို့နောက် အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်းတို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံနေမှုကို ကြည့်ရှုအားပေး ပြီး ကျောင်းသား ကျောင်းသူများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများ ပေးအပ် သည်။

ယင်းနောက် ပုသိမ်မြို့ သာသနာ့ဗိမာန်၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမ ပြန်စာမေးပွဲတွင် အောင်မြင်တော် မူခဲ့ကြသော စာအောင်သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင် များအား စာအောင်ဆုနှင့် အောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားသို့ တက်ရောက်ပြီး စာအောင် သံဃာတော်များ၊ သီလရှင် ဆရာလေးများအား စာအောင်ဆုနှင့် အောင်လက်မှတ်များ ဆက်ကပ်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)