ပုသိမ်မြို့၌ (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပ

ပုသိမ်၊  ၁၂  ဖေဖော်ဝါရီ

ပုသိမ်မြို့၊ ကန်သာယာ ပြည်ထောင်စုကွင်းအတွင်း ပြုလုပ်သည့် (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီတွင်ကျင်းပရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သော (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာကို ဖတ်ကြားကာ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

(ပြန်/ဆက်)