ပုဏ္ဏားကျွန်း မှိုဟင်းတောရွာ၌ မီးလောင်မှုဖြစ်ပွား၊ နေအိမ် ခုနစ်လုံး မီးလောင်ဆုံရှုံး

ပုဏ္ဏားကျွန်း ၄ မတ်

 


ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာအုပ်စု မှိုဟင်းတောကျေးရွာ၌ မတ် ၃ ရက် ညနေ ၄ နာရီ ၅ မိနစ်ခန့်က ကျေးရွာနေ ဦးအောင်ရွှေသိန်း (၄၇)နှစ်၏ နေအိမ်မီးကြွင်းမီးကျန်မှ မီးစတင်လောင်ကျွမ်းခဲ့ရာ နေအိမ်(၇)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 


မီးလောင်ရာနေသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်သန်းထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦးနှင့်အတူ မီးငြှိမ်းသတ်ယာဉ် နှစ်စီး၊ ရေသယ်ယာဉ်နှစ်စီး၊ ကျေးရွာသားများနှင့် ပူးပေါင်းငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ မိနစ် ၅ဝ တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသညိ။

 


အဆိုပါမီးလောင်မှုကြောင့် အိမ်ထောင်စု(၇)စု လူဦးရေ ၄၄ ဦး မီးဘေးသင့်ခဲ့ပြီး ၎င်းတို့အား လတ်တလော နေထိုင်စားသောက်ရေးနှင့် လိုအပ်ချက်များအတွက် ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် နေရာချထားပေးကာ သက်ဆိုင်ရာ တာဝန်ရှိသူများက ကူညီစောင့်ရှောက် ပေးလျက်ရှိကြောင်း မြို့နယ် ပြန်/ဆက်မှ သတင်းရရှိသည်။

 


MDN