ပုလော ဇွန် ၇

 

ပုလောမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးသန်းထိုက်နှင့် ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ် ထုတ်ပေးခြင်းလုပ်ငန်းများကို ယမန်နေ့က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ပေးသည်။

 

ထိုသို့ ဆောင်ရွက်ပေးမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေး၍ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များကို ကျောင်းသား ကျောင်းသူများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

အေးအေးမော်(ပုလော)