ပုဂ္ဂလိကနှင့် ကြီးကြပ်ရေးအာဏာပိုင်များ ပူးပေါင်း၍ AML/CFT အကောင်အထည်ဖော်ရေး Action Plan များထိရောက်စွာအောင်မြင်စေရေး Offsite/ Onsite စစ်ဆေးတွေ့ရှိချက်များ၊ ML Risk များပိုမိုနားလည်စေရေးဆွေးနွေးပွဲကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၇

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့၊ ဥက္ကဋ္ဌ (မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဥက္ကဋ္ဌ) ကဦးဆောင်၍ အစိုးရဌာနအသီးသီးနှင့် စီးပွားရေး လုပ်ငန်းရှင်များအပါအဝင် ပြည်သူလူထုတို့၏  ပူးပေါင်းဆောင်ရွက်မှုဖြင့် ငွေကြေးခဝါချမှုတိုက် ဖျက်ရေးနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးကို အင်တိုက်အားတိုက် ပါဝင် ဆောင်ရွက်ကြစေရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပသည်။ 

ဆွေးနွေးပွဲသို့ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ဒုတိယဥက္ကဋ္ဌ၊ ဦးကျော်ဝင်းသိန်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်နှင့် သက်ဆိုင်ရာအစိုးရဌာနအသီးသီးမှ ကြီးကြပ်ရေး အာဏာပိုင်များဖြစ်သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ငွေကြေး ဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့၊ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန၊ ပြည်‌ထောင်စု စာရင်းစစ်ချုပ်ရုံး၊ ရှေ့နေရှေ့ရပ်နှင့် စစ်ဆေးရေးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းတို့မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များနှင့် ဘဏ်များ၊ အခြားငွေရေးကြေးရေး အဖွဲ့အစည်းများ၊ ငွေရေးကြေးရေးမဟုတ်သော စီးပွားရေးလုပ်ငန်းများနှင့် ကျွမ်းကျင်မှုဆိုင်ရာ အသက်‌မွေးဝမ်းကျောင်း လုပ်ငန်းများမှ တာဝန်ခံအရာရှိများ တက်ရောက်ခဲ့ကြသည်။

ဆွေး‌နွေးပွဲတွင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး လုပ်ငန်းရည်မှန်းချက်များ အောင်မြင်စေရန်အတွက် ကြီးကြပ်ရေးအာဏာပိုင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် ပုဂ္ဂလိကကဏ္ဍက တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကြီးကြပ်မှုအားကောင်းစေရေး မြှင့်တင်ဆောင်ရွက်ရန်၊ သတင်းပို့အဖွဲ့အစည်းများမှ အစီရင်ခံ သတင်းပို့မှုများမှန်မှန်ကန်ကန်နှင့် အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ရန်လိုအပ်သည့်အချက်များ၊ ရုံးထိုင်စစ်ဆေးခြင်း (Offsite) နှင့် ကွင်းဆင်းစစ်ဆေးခြင်း (Onsite) မှတွေ့ရှိချက်များ၊ ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေများကို ပိုမိုနားလည်စေရေးအတွက် Case Study များဖြင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်