Prodigy အဖွဲ့ရဲ့ အဆိုတော် ကီ့သ် ဖလင့် ကွယ်လွန်

၅ မတ် 

ဗြိတိန်နိုင်က လျှပ်စစ်ပေါ့တေးဂီတအဖွဲ့ Prodigy အဖွဲ့ရဲ့ အဆိုတော် ကီ့သ် ဖလင့် ဟာ လန်ဒန်ရဲ့ အရှေ့မြောက်အရပ် အက်ဆက် ရှိနေအိမ်မှာ သေဆုံးသွားကြောင်း သေဆုံးချိန်မှာ အသက် ၄၉ နှစ်ရှိပြီလို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

ကီ့သ်ဖလင့်ဟာ ပြီးခဲ့တဲ့ စနေတနင်္ဂနွေက ကိုယ့်ကိုကိုယ်သတ်သေကြောင်း Prodigy အဖွဲ့သား လီယမ် ဟောင်းလတ်က ပြောပါတယ်။ ကီ့သ်ရဲ့ သေဆုံးနေတဲ့အလောင်းကို တနင်္လာနေ့က ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပါတယ်။

Prodigy အဖွဲ့ဟာ ၁၉၉၀ ခုနစ်မှာပေါ်ထွက်လာခဲ့ပါတယ်။ ၁၉၉၆ ခုနစ်မှာ Prodigy အဖွဲ့ဟာ ရဲ့The Fat of the Land တေးအယ်ဘမ် ဟာ နိုင်ငံတကာက လက်မခံခင်မှာ တေးအယ်ဘမ် ၂ ခု ထွက်ခဲ့ပါတယ်။

 

mdn

 

The Fat of the Land တေးအယ်ဘမ်ဟာ အမေရိကန်၊ သြစတြေးလျး၊ ဂျာမနီနဲ့ ဥရေးပနိုင်ငံအချို့မှာ အရောင်းအရဆုံး အခွေဖြစ်ခဲ့ပါတယ်။ ကီ့သ်ဖလင့်ဟာ ဗြိတိန်ရဲ့ ၁၉၉၀ ပြည့်နှစ်များရဲ့ ထင်ရှားတဲ့ တေးဂီတပညာရှင်ဖြစ်ပါတယ်။

Prodigy အဖွဲ့ရဲ့ ကီ့သ်ဖလင့်ဟာ အသက် ၁၅ နှစ်အရွယ်မှာ ကျောင်းထွက်ပြီး အိမ်ခေါင်းမိုးပြင်တဲ့ အလုပ်ကို  Prodigy အဖွဲ့ရဲ့ မဝင်ခင်အထိ လုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ပိုက်ဆံချမ်းသာလားပြီး အကိုက်အခဲပျောက်ဆေး သောက်တာကို စွဲလမ်းသလို အရက်စွဲသူဖြစ်လာပါတယ်။ ၂၀ဝ၆ ခုနှစ်မှာ ဂျပန် DJ မာယူမီကိုင်နဲ့ လက်ထက်ခဲ့ပြီး သိပ်မကြာခင်မှာဘဲ လမ်းခွဲခဲ့တယ်လို့ သိရပါတယ်။

MDN
ကိုးကား - AFP

 

mdn