ပရိသတ်ရှေ့အရောက်ပြန်လာမယ့် Big Bang

ဖေဖော်ဝါရီ  ၁၁

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ အမျိုးသားတေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Big Bang ဟာ မကြာမီမှာ တေးသီချင်းသစ်နဲ့အတူ ပရိသတ်ရှေ့ အရောက်ပြန်လာဖို့ရာ စီစဉ်ထားကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

အဖွဲ့ဝင်လေးဦး ပါဝင်သီဆို Big Bang အနေနဲ့ လာမယ့်နွေဦးမှာ တေးသီချင်းသစ်ထုတ်လွှင့်ပေးဖို့ရာ စီစဉ်ထားကြောင်း ဝိုင်ဂျီအင်တာတိန်းမန့်က ဖေဖော်ဝါရီ ၇ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဖွဲ့ဝင်လေးဦး ပါဝင်သီဆို ထားတဲ့ အဆိုပါတေးသီချင်းသစ်ကို လက်ရှိမှာ အသံသွင်းခဲ့ပြီးဖြစ်ပေမယ့် တေးဗီဒီယိုအတွက် ရိုက်ကူးရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဖွဲ့ဝင်တစ်ဦးဖြစ်သူ T. O. P ဟာ ဝိုင်ဂျီအင်တာတိန်းမန့်နဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်းလည်း အေဂျင်စီဘက်က တစ်ပါတည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

T. O. P ဟာ ဝိုင်ဂျီနဲ့ ၁၆ နှစ် ကြာ လက်တွဲခဲ့ပြီးနောက် လမ်းခွဲခဲ့တာပါ။ ဒီလို အေဂျင်စီနဲ့ စာချုပ်သစ် ထပ်မံချုပ်ဆိုခဲ့ခြင်းမရှိပေမယ့် အဖွဲ့ရဲ့ တေးသီချင်းသစ်မှာတော့ အခြားသောအဖွဲ့ဝင်တွေနဲ့အတူ ပါဝင်သီဆိုထားပါတယ်။

အေးပြည့်